၁။ စကားချီး

MyanThai မှ ကြိုဆိုပါတယ်။

MyanThai e-ticketကံစမ်းလိုသူများအနေဖြင့် ရရှိနိုင်သောခံစားခွင့်များ လက်လွတ်မဆုံးရှုံးစေရန်အတွက် အောက်ပါစာပိုဒ်တွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား သေချာနားလည်ဖတ်ရှုပြီးမှသာ ဝင်ရောက်ကံစမ်းစေလိုပါ သည်။ အကယ်၍ ဖော်ပြပါအချက်များမှာ သင့်အတွက် အဆင်မပြေမှုတစုံတရာရှိခဲ့ပါက ယခုဝန်ဆောင်မှုအား အသုံးပြုရန် မသင့်တော်ပါ။

၂။ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သဘောတူညီချက်

- ဤမှတ်ပုံတင်သဘောတူညီချက်သည် MyanThai (နောင်တွင် "MyanThai", "ကုမ္ပဏီ" နှင့် "ကျွန်ုပ်တို့" ဟူ သော စကားလုံးအသုံးအနှုန်းအား အလျဉ်းသင့်သလို သုံးစွဲမည်ဖြစ်ပါသည်) နှင့် e-ticketကံစမ်းလိုသူတို့အကြား MyanThai ၏ ဝန်ဆောင်မှုများ (နောင်တွင်ဝန်ဆောင်မှုဟုရည်ညွှန်းမည်)ကို အသုံးပြုသူမှ ရယူအသုံးပြုရန် အတွက် မှတ်ပုံတင်ခြင်း (သို့မဟုတ်) အသုံးပြုရန် ဆောင်ရွက်ခြင်းများအတွက်ချုပ်ဆိုသော သဘောတူညီချက် စာချုပ် ဖြစ်သည်။ MyanThai သည် e-ticketကံစမ်းလိုသောအရေအတွက်နှင့် သက်ဆိုင်သောတန်ဖိုးမှလွဲ၍ အခြား မည်သည့် အခကြေးငွေ တစုံတရာမျှ တောင်းခံခြင်းပြုမည် မဟုတ်ကြောင်း ကတိပြုပါသည်။

၃။ စကားရပ်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

- MyanThai ဆိုသည်မှာ ထိုင်းနိုင်ငံတွင် (၁)လလျှင် (၂) ကြိမ် တရားဝင်ဖွင့်လှစ်ပေးသော လက်မှတ်ပေါက်မဲများအတိုင်း စာရွက်အနေဖြင့်မဟုတ်ပဲ အင်တာနက်ဖြင့် (e-ticket) ကံစမ်း၍ရရန် ဝန်ဆောင်မှုပေးသော မြန်မာနိုင်ငံ၏ ပထမဦးဆုံး လုပ်ငန်းဖြစ်ပါသည်။

- ဝန်ဆောင်မှုများ ဆိုရာတွင် e-ticketကံစမ်းလိုသူများအတွက် အင်တာနက်ဖြင့် ကံစမ်းနိုင်ပြီး၊ မိမိကံစမ်းထားသော e-ticketဆုမဲများအား စစ်ဆေးလိုခြင်းအတွက်လည်း အသုံးပြုနိုင်ပါသည်။

- e-ticket ဆိုသည်မှာ မိမိကံစမ်းလိုက်သော နံပါတ်အား စာရွက်အနေဖြင့် မဟုတ်ပဲ MyanThai Site ၏ မိမိကိုယ်ပိုင်အကောင့်တွင်သာ digital လက်မှတ် (e-ticket) အဖြစ် သိမ်းဆည်းထားခြင်း ဖြစ်ပါသည်။

၄။ e-ticket ကံစမ်းလိုလျှင်

- MyanThai ၏ ဝန်ဆောင်မှုအား အသုံးပြုလိုသူအနေဖြင့် အကောင့်ဖွင့်ချိန်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။ ဆုကြေးငွေထုတ်ယူနိုင်ရန်အတွက် မိမိ၏နိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံတော်မှ တရားဝင် ထုတ်ပေးထားသော သက်သေခံလက်မှတ်တခုခုရှိရမည်။ အကယ်၍ သတ်မှတ်ထားသော အသက်မပြည့်ခဲ့ပါက ၎င်း(အကောင့်ပိုင်ရှင်) ၏ အုပ်ထိန်းသူ (သို့မဟုတ်) တာဝန်ယူနိုင်သူမှ အကောင့်ဖွင့်ပေးပြီး ကံစမ်းမှု ပြုလုပ် နိုင်ပါသည်။

- Point (၁) ခုလျှင် e-ticket (၁) စောင်ဝယ်ယူနိုင်ပါသည်။ ပွိုင့် (၁) ခုလျှင် ၂,၀၀၀/- ကျပ် ဖြစ်ပါသည်။ ဆုကြေးငွေ ထုတ်ယူခြင်း နှင့် ကံစမ်းရန်အတွက် မြန်မာငွေဘဏ်အကောင့် ထားရှိရပါမည်။

- MyanThai Android Application အား mini.myanthai.com website တွင်လည်း တိုက်ရိုက်ဒေါင်းယူနိုင်ပါမည်။ မည်သည့်အခကြေးငွေမှ မပေးရပါ။

- e-ticket ဆုမဲပေါက်စဉ်များတိုက်ခြင်းအတွက် အကောင့်ဖွင့်စရာမလိုပဲ ကံစမ်းထားသူများအားလုံး လွယ်ကူစွာအသုံးပြုနိုင်ရန် စီစဉ် ထားပါသည်။

- e-ticket ကံစမ်းရန်အတွက် လက်မှတ်ဝယ်ယူနိုင်မည့်အချိန်သည် ဆုမဲပေါက်စဉ်များထွက်မည့် နေ့လည် (၁) နာရီတွင် ပိတ်သိမ်းမည်ဖြစ်ပြီး ယင်းအချိန် မတိုင်မီတွင် လက်ကျန်ပွိုင့်များအား မကျန်ရှိစေပဲ ကံစမ်းပြီးဖြစ်ရပါမည်။ (အကယ်၍ Point များကျန်နေခဲ့ပါက ကုမ္ပဏီဘက်မှ ကျပန်းနံပါတ်များရွေးချယ်၍ နစ်နာမှုမရှိစေရန် [Auto-buy] အလိုအလျောက် ဝယ်ထားပေးမည် ဖြစ်ပါသည်)

၅။ လိုက်နာရမည့်စည်းကမ်းများ

- e-ticket ဝယ်ယူရန် အကောင့်ဖွင့်လှစ်ရာတွင် OTP code လက်ခံနိုင်ပြီး အသုံးပြု၍ရသော ဖုန်းနံပါတ်အမှန်ကို ထည့်သွင်းပေးရမည်ဖြစ်ပါသည်။ ကံထူးရှင်ဖြစ်ခဲ့ပါက ဖြည့်သွင်းထားသော ဖုန်းနံပါတ်အတိုင်း ဆက်သွယ်ပေး မည် ဖြစ်ပါသည်။ ဖုန်းနံပါတ် (၁) ခုလျှင် အကောင့် (၅) ခုသာ ဖွင့်လှစ်၍ရပါမည်။

- MyanThai မှ e-ticket များအား တခြားသူတစ်ဦးသို့လွှဲပြောင်းခြင်း၊ လက်မှတ်ငွေပြန်အမ်းခြင်းများ ခွင့်မပြုပါ။

- MyanThai Company မှ နှင့် လက်မှတ်အရောင်းကိုယ်စားလှယ် Agent များသည် မည်သည့် အခြေအနေ တွင်မှ သုံးစွဲသူများ၏ OTP number နှင့် လျို့ဝှက်နံပါတ် (Password) များအား တောင်းခံခြင်း ရှိမည်မဟုတ်ပါ။ အကယ်၍ မှားယွင်းပေးအပ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာမည့် ကိစ္စအဝဝအား MyanThai (သို့မဟုတ်) Agent များ ကိုယ်စားလှယ် မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၆။ ဆုငွေထုတ်ယူခြင်း

- ကံထူးရှင်သည် သက်ဆိုင်ရာ ဆုမဲပေါက်စဉ်များ ကြေညာသည့်နေ့မှစ၍ ရက်(၃၀)အတွင်း သက်ဆိုင်ရာ Agent များ မှ တဆင့်ဖြစ်စေ ၊ MyanThai Viber Channel https://cutt.ly/MyanThai မှ တိုက်ရိုက်ဖြစ်စေ ဆုကြေးငွေကို လက်ခံရယူပေးရပါမည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ သတ်မှတ်ထားသောရက်ထက် ကျော်လွန်သွား သော ဆုကြေးငွေများ ထုတ်ယူခြင်းအား ပြုလုပ်ပေးသွားမည်မဟုတ်ပါ။

- ဆုကြေးထုတ်ယူမည့်သူသည် ကံထူးသည့် e-ticket နှင့်အတူ မိမိအကောင့်ပြုလုပ်စဉ်က မှတ်တမ်းတင်ထား သည့် အမည်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ ဘဏ်အကောင့် စသည့် ကိုယ်ရေးအချက်အလက်များကို Profile Setting တွင် Update ဖြစ်အောင် မှန်ကန်စွာ ဖြည့်သွင်းပြသရမည် ဖြစ်သည်။

- ရှေ့ဂဏန်း ၃ လုံး၊ နောက်ဂဏန်း ၃ လုံး နှင့် နောက်ဂဏန်း ၂ လုံး ဆုများ၏ ကံထူးရှင်များသည် မိမိချိတ်ဆက် ဝယ်ယူထားသော ကိုယ်စားလှယ် Agent များထံမှတဆင့် ဆုငွေများကို တိုက်ရိုက်ထုတ်ယူနိုင်ပါသည်။

- ဆုကြီးများဖြစ်သည့် ပထမဆု မှ ပဉ္စမဆုထိ ဆုများအား ကံထူးခဲ့ပါက MyanThai မှ တိုက်ရိုက်ချီးမြှင့်ပေးမည် ဖြစ်ပါသည်။ ထို့အတွက်ကြောင့် MyanThai Viber Channel https://cutt.ly/MyanThai သို့ Subscribe ပြုလုပ်ထားရန်လည်း လိုအပ်ပါမည်။

- ဆုကြေးငွေ ထုတ်ယူခြင်းအား အများပြည်သူ ရုံးပိတ်ရက်များအပေါ်မူတည်၍ ပုံမှန်အလုပ်လုပ်ရက်(၅)ရက် အ တွင်း စီစဉ်ပေးပါသည်။

- ထိုးထားသော လက်မှတ်များကို MyanThai မှ ပြင်ပသို့ထုတ်ဝေရောင်းချမည် မဟုတ်သောကြောင့် ကံထူး ခဲ့ပါက အကောင့်အတွင်းရှိ မိမိကံစမ်းထားသော လက်မှတ် e-ticket ကိုသာ အတည်ပြုမည် ဖြစ်ပါသည်။

- MyanThai သည် ဆုကြေးများအားလုံးကို မိမိအကောင့်ထဲရှိ ဆုမဲပေါက်စဉ်များဖွင့်ချိန်တွင် ဖော်ပြထားသော ငွေလဲနှုန်းဖြင့် မြန်မာပြည်တွင်းတွင် မြန်မာကျပ်ငွေဖြင့်သာ ထုတ်ယူနိုင်ပါမည်။

- ကံထူးရှင်၏ ဆုငွေများကို လက်ခံနိုင်သော ဘဏ်အကောင့်ပိုင်ရှင် (သို့မဟုတ်) ငွေလွှဲလက်ခံသူ (သို့မဟုတ်) ကံထူးရှင်ကိုယ်တိုင်သည် ယင်းအချိန်တွင် ရာဇဝတ်မှုနှင့်ပတ်သက်သော အမှုအခင်းဆိုင်ရာများ ရင်ဆိုင်နေရသူ မဖြစ်ရပါ။

- ကံထူးခဲ့ပါက ဆုငွေများအား အပြည့်အဝခံစားခွင့်ရရှိမည် ဖြစ်ပါသည်။ ဝန်ဆောင်ခများ နှင့် အခွန်နှုန်းများ ဖြတ်တောက်ခြင်းအပြင် မည်သည့်အကြောင်းရင်းနှင့်မှ ဖြတ်တောက်ခြင်း မရှိစေပဲ အပြည့်အဝခံစားခွင့်ရစေရန် ကုမ္ပဏီမှ အာမခံပါသည်။ ဘတ်ငွေဈေးနှုန်းမှာ မိမိအကောင့်ထဲရှိ ဆုမဲပေါက်စဉ်များဖွင့်ချိန်တွင် နောက်ဆုံးဖော်ပြထားသည့် အတိုင်း တွက်ချက်သွားမည်ဖြစ်ပါသည်။

- MyanThai သည် မည်သည့်အချိန်တွင်မဆို တစုံတရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြား နိုင်ခြင်း မရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်းနှင့် သွင်ပြင်လက္ခဏာများအား ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေ အနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၇။ ကုမ္ပဏီ၏အာမခံမှု

- MyanThai မှ e-ticketကံစမ်းသူများ၏ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များဖြစ်သည့် ဘဏ်အကောင့်နံပါတ်နှင့် အကောင့်ပိုင်ရှင်အမည်မှလွဲ၍ ကျန်အချက်အလက်များအား မည်သည့်အကြောင်းနှင့်မျှ မေးမြန်းခြင်း ပြုမည် မဟုတ်ပါ။ ဥပမာ-ကံစမ်းသူ၏ဘဏ်လက်ကျန်ငွေ၊ သုံးစွဲနေသည့်လျို့ဝှက်နံပါတ် နှင့် တခါသုံးလျို့ဝှက်နံပါတ် OTP)

၈။ သတိပြုရန်အချက်များ

- အကျိုးခံစားခွင့်နှင့် ပတ်သက်၍ မသမာမှု သို့မဟုတ် အငြင်းပွားမှု တစုံတရာ ဖြစ်ပေါ်လာပါက MyanThai ကုမ္ပဏီတစ်ဦးတည်း၏ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်သည်။

- MyanThai သည် MyanThai အနေဖြင့် ထိန်းချုပ်၍မရသောအခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်ဖြစ်ရပ်များကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသောကိစ္စ အခြေအနေအရပ်ရပ်ပေါ်မူတည်၍ စည်းမျဉ်း စည်းကမ်းများကို အချိန်နှင့်တပြေးညီ ပြင်ဆင်ပြောင်းလဲခွင့်ရှိသည်။

- ကုမ္ပဏီဘက်မှ သင့်အား ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ကျွန်ုပ်တို့၏ website (သို့မဟုတ်) application အား ပြင်ဆင်ခွင့်၊ ပြောင်းလဲပိုင်ခွင့်၊ ပုံစံပြောင်းလဲခြင်း နှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား လုပ်ပိုင်ခွင့် ရှိသည်။

- သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်အား လုံခြုံမှုရှိရန် နှင့် လျို့ဝှက်ထားရှိမှုအား သဘောတူပါသည်။ သင့်ကိုယ်ပိုင်အကောင့်တွင်းသို့ သင်မှလွဲ၍ တခြားသူများ ဝင်ရောက်နိုင်ခြင်း မရှိပါ။ အကယ်၍ တစုံတယောက် ဝင်ရောက်သုံးစွဲနေသည်ဟု သံသယရှိခဲ့ပါက ကုမ္ပဏီသို့အကြောင်းကြားခြင်း (သို့မဟုတ်) မိမိ၏ လျို့ဝှက်နံပါတ် password အား ပြောင်းလဲသုံးစွဲသင့်ပါသည်။

- သို့ဖြစ်၍ မိမိသုံးစွဲနေသော အီလက်ထရောနစ်ပစ္စည်းများတွင် အကောင့်ဝင်ရောက်ထားခဲ့ဖူးပါက လျို့ဝှက် နံပါတ် အား စက်တွင်းတွင် မှတ်သားထားခဲ့ခြင်း မရှိစေရန် သတိထားစေလိုပါသည်။ တခြားသူတစ်ဦးကြောင့် ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုများနှင့် ပြဿနာများကို ကုမ္ပဏီဘက်မှ ဖြေရှင်းပေးမည် မဟုတ်ပါ။

- လုပ်ငန်းမြှင့်တင်ခြင်းများ ဆောင်ရွက်နေချိန်တွင် မိမိအကောင့်အတွင်းသို့ ရံဖန်ရံခါတွင် ဝင်ရောက်သုံးစွဲနိုင် သော်လည်း၊ ကုမ္ပဏီဘက်မှ လုပ်ငန်းကြန့်ကြာမှုများ မရှိစေရန်အတွက် သုံးစွဲသူအကောင့်များအား အချိန် အတိုင်းအတာတခုထိ သုံးစွဲ၍ မရစေနိုင်ရန်အတွက်လည်း ခေတ္တရပ်ဆိုင်းထားနိုင်သည်။

- ကံစမ်းရန်အတွက် လိုအပ်သော လျှပ်စစ်ပစ္စည်းများ၊ အင်တာနက်အထောက်အကူပစ္စည်းများ၊ အင်တာနက် အသုံးပြုစရိတ်များအပါအဝင် အခြားစရိတ်များအားလုံးသည် သင်နှင့်သာ သက်ဆိုင်မှုရှိပါသည်။