Mini MyanThai e-ticket မှ ကြိုဆိုပါတယ်။
MyanThai သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအွန်လိုင်းဖြင့် မိမိတို့၏ စိတ်ကြိုက်နံပါတ်အား e-ticket လက်မှတ် ဝယ်ယူနိုင်ရန်အတွက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်ပါတယ်။ ၁၀၀% အွန်လိုင်းစနစ် နှင့် ဘဏ်စနစ်အား အပြည့်အဝအသုံးပြုထားပြီး ကံစမ်းလိုသူများ အခက်အခဲမရှိ လွယ်ကူစွာ အသုံးပြုနိုင်ရန် စီစဉ်ထားပါတယ်။
လက်မှတ်နှင့်ဆုအကြောင်း
- ထိုင်းနိုင်ငံတွင် (၁)လလျှင် (၂)ကြိမ်ဖွင့်လှစ်သော လက်မှတ်ပေါက်မဲများအတိုင်း e-ticket ဖြင့် ရောင်းချ ပေးခြင်း ဖြစ်ပါတယ်။ ဆုမဲလက်မှတ်တွင် ဂဏန်း(၆)လုံးပါဝင်ပြီး ဆုမဲပေါင်း ၁၄,၁၆၈ ဆု နှင့် ဆုကြေးပေါင်း ဘတ်(၄၈ သန်း) အား ထိုင်းနိုင်ငံအစိုးရမှ ထုတ်ပြန်သော ဆုမဲပေါက်စဥ်အတိုင်း ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်။ ကံထူးရှင်များအား ဆုမဲပေါက်စဉ်ထွက်ပြီးချိန်မှ (အစိုးရရုံးပိတ်ရက် နှင့် ဘဏ်ပိတ်ရက်များမပါ) အလုပ်ဖွင့်ရက်(၅)ရက်အတွင်း၌ ကံထူးရှင်လူကြီးမင်းများထံသို့ အကြောင်းကြားပြီး ဘဏ်အကောင့်တွင်းသို့ ဆုငွေအပြည့်အဝ (ငွေလွှဲခဖြတ်တောက်ခြင်းမရှိပဲ) ထည့်သွင်း ပေးမှာဖြစ်ပါတယ်။ ကံထူးရှင်များသို့ ချီးမြှင့်မည့်ငွေလဲနှုန်းထားမှာ မိမိကိုယ်ပိုင်အကောင့်၌ ဆုမဲဖွင့်မည့်နေ့မနက် တွင် နောက်ဆုံးဖော်ပြထားသည့် နှုန်းထားအတိုင်း သတ်မှတ်သွားပါမယ်။
ဘယ်လိုထိုးရမလဲ
- MyanThai e-ticket နဲ့ ကံစမ်းမယ့် သူဌေးလောင်းများအနေဖြင့် ပထမဦးဆုံးအဖြစ် ကိုယ်ပိုင်အကောင့်တစ်ခု ရှိထား ရမှာဖြစ်ပါတယ်။ အကောင့်သစ်ဖွင့်ရန်အတွက် Viber Channel https://cutt.ly/MyanThai (သို့မဟုတ်) နီးစပ်ရာ အရောင်းကိုယ်စားလှယ်သို့ ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်။
- လက်မှတ် (၁)စောင်လျှင် ၂,၀၀၀/- ကျပ် သတ်မှတ်ထားရှိပြီး မိမိကံစမ်းလိုသော အစောင်အရေအတွက် အလိုက် Point များ ထည့်သွင်းနိုင်ပါတယ်။ ကြိုက်နှစ်သက်ရာ ဂဏန်း (၆)လုံး ရွေးချယ်ကံစမ်းနိုင်ပါတယ်။
ဆုမဲပေါက်ကြောင်း ဘယ်လိုသိမလဲ
- အရောင်းကိုယ်စားလှယ်များမှ သင်ကံထူးရှင်ဖြစ်ကြောင်း သတင်းကောင်းကို ဆုမဲပေါက်စဉ်ထွက်သည့်အချိန်မှ ၄၈နာရီ အတွင်း အကြောင်းကြားပေးပါတယ်။ မိမိထိုးထားသော ဂဏန်းကို မေ့သွားခဲ့သော်လည်း ကံစမ်းထားသော လက်မှတ်အား သင့်အကောင့်၌ သိမ်းဆည်းထားသောကြောင့် ပြန်တိုက်ကြည့်၍ရသည့်အတွက် စိုးရိမ်ရန် မလိုပါ။ မိမိ၏လက်မှတ် နှင့် တခြားသူများ၏ လက်မှတ်များကိုလည်း mini.myanthai.com ၏ ဆုမဲတိုက် ရန် (Result) ရှိ မိမိလက်မှတ်အားစစ်ဆေးမည် (Check My Ticket Number) တွင် သေချာ ရိုက်ထည့်၍ ကံထူးခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်။
ဆုငွေဘယ်လိုထုတ်ရမလဲ
- အရောင်းကိုယ်စားလှယ်များမှ ၄၈နာရီအတွင်း အကြောင်းကြားပေးပြီး အကောင့်အတွင်းသို့ ဆုငွေအပြည့်အဝ (မည်သည့်အကြောင်းနှင့်မှဖြတ်တောက်ခြင်းမရှိပဲ) ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ကံထူးရှင်များသည် မိမိထံ ဆက်သွယ်သည့် ကိုယ်စားလှယ်များထံသို့ မိမိအသုံးပြုလိုသော ဘဏ်အမည်၊ ဘဏ်ခွဲအမည်၊ ဘဏ်အကောင့် နံပါတ် နှင့် အကောင့်ပိုင်ရှင်နံမည်တို့ကို သေချာစွာ အကြောင်းကြားရမည် ဖြစ်ပါတယ်။
ဆုမဲများ
ပထမဆု - ဘတ် ၆သန်း (၁) ဆု
ပထမဆု (တွတ်-၁လုံးတိုး) - ဘတ် ၁သိန်း (၁) ဆု
ပထမဆု (တွတ်-၁လုံးလျော့) - ဘတ် ၁သိန်း (၁) ဆု
ဒုတိယဆု - ဘတ် ၂ သိန်း (၅) ဆု
တတိယဆု - ဘတ် ၈ သောင်း (၁၀) ဆု
စတုတ္ထဆု - ဘတ် ၄ သောင်း (၅၀) ဆု
ပဉ္စမဆု - ဘတ် ၂ သောင်း (၁၀၀) ဆု
ရှေ့ (၃)လုံးတူ - ပေါက်ဂဏန်း (၂)ခု - ဘတ် ၄ထောင် (၂၀၀၀) ဆု
နောက်(၃)လုံးတူ - ပေါက်ဂဏန်း (၂)ခု - ဘတ် ၄ထောင် (၂၀၀၀) ဆု
နောက်(၂) လုံးတူ - ဘတ် ၂ ထောင် (၁၀၀၀၀) ဆု
ဆုမဲအရေအတွက် စုစုပေါင်း - ၁၄,၁၆၈ ဆု
ဆုကြေးငွေ စုစုပေါင်း - ၄၈,၀၀၀,၀၀၀ ဘတ်
အရောင်းဖွင့်ချိန်/ပိတ်ချိန်
- လစဉ် ဆုမဲပေါက်စဉ် ဖွင့်ပြီး ၅ ရက်အတွင်း အရောင်း ပြန်ဖွင့်ပါတယ်။
- လစဉ် ဆုမဲပေါက်စဉ် ဖွင့်မည့်ရက် နေ့လည် ၁နာရီတွင် အရောင်းပိတ်ပါတယ်။
ဆုမဲပေါက်စဉ်ဖွင့်ရက်
- ပထမဦးဆုံး ထိုင်းဆုမဲပေါက်စဉ် ထွက်တဲ့နေ့တွေအကြောင်းကို ပြောပြချင်ပါတယ်။
- လစဉ် (၁) ရက်နေ့နဲ့ (၁၆) ရက်နေ့များမှာ ဆုမဲပေါက်စဉ် ဖွင့်လေ့ရှိပါတယ်။ ထူးခြားမှုအနေဖြင့် ဇန်နဝါရီလမှာ (၁၆) ရက် နေ့က ထိုင်းနိုင်ငံသားများရဲ့ ဆရာကန်တော့ပွဲနေ့ ဖြစ်တာကြောင့် ဇန်နဝါရီလ (၁၇) ရက်နေ့မှာဆုမဲပေါက်စဉ် ဖွင့်ပြီး၊ မေလ (၁) ရက်နေ့က အလုပ်သမားနေ့ကျရောက်တာမို့ မေလ (၂) ရက်နေ့မှ ဆုမဲပေါက်စဉ် ဖွင့်ပါတယ်။ နောက်ပြီး ဇန်နဝါရီ (၁) ရက်နေ့အစား နှစ်ကုန်စာရင်းချုပ်တာတွေပြုလုပ်မှာမို့ ဒီဇင်ဘာလ (၃၀) ရက်နေ့ကို ပြောင်းလဲဖွင့်လှစ်ပါ တယ်။ MyanThai ကလည်း ထိုင်းအစိုးရဆုမဲပေါက်စဉ် အတိုင်း ဖွင့်လှစ်ပေးတာမို့လို့ အဲဒီရက်တွေအတိုင်းပဲ ဖွင့်လှစ်သွား မှာပါ။